အခန်း ၁၀ - ဇူလိုင်

စာလုံးရေ 173 မွမ်းမံထားသည် 11-24

⁠​​​‌​​​​‌‌‌​‌‌‌‌​‌​‌‌‌‌​‌​‌​‌​‌​​​​​‌‌‌‌​‌​​​​‌​​‌‌​‌​‌​​​​​‌‌‌​⁠လူအများကြားထဲ သူ႔နာမည် ထွက်ပေါ်လာချိန်မှာ ကျွန်တော် ဘယ်လောက်တောင် ရူးမိုက်ပုံပေါက်နေမလဲဆိုတာ မင်းမြင်စေချင်စမ်းပါဘိ၊ အထူးသဖြင့် သူ့ကို ကျွန်တော် ဘယ်လိုသဘောရသလဲလို့ ကွက်ကွက်ကွင်းကွင်း မေးလာကြတဲ့အခါမျိုးပေါ့။ သူ့ကို ကျွန်တော် ဘယ်လိုသဘောရသလဲတဲ့လေ။ အဲဒီစကားစုကို ကျွန်တော် အလွန်ရွံမုန်းတာပဲ။ ချာလော့တ်ကို သာမန်မျှ သဘောကျရုံ၊ သူ႔အတွက် တစ်နှလုံးသားလုံးနဲ့ စိတ်အာရုံအားလုံး လုံးလုံးလျားလျား မစွဲလမ်းရုံသာ သဘောကျတဲ့သူဟာ ဘယ်လိုသတ္တဝါမျိုး ဖြစ်ရမှာတဲ့လဲ။ သဘောကျတယ် ဟုတ်လား။ မကြာသေးခင်ကလည်း တစ်ယောက်က အိုရှန်ကို ကျွန်တော် ဘယ်လို သဘောကျ သလဲလို့ လာမေးဖူးသေးတယ်။