အခန်း ၁၇ - ဇူလိုင်

စာလုံးရေ 124 မွမ်းမံထားသည် 11-26

⁠​​​‌​​​​​​​‌‌‌‌‌‌​‌‌​‌‌‌​​​​​​​​​​​​‌‌‌‌​‌​​​​‌​‌​​​​​‌‌‌​​​​​‌‌⁠ဟုတ်ကဲ့ပါ ချစ်လှစွာသော ချာလော့တ်။ အရာအားလုံးကို ကျွန်တော် စီမံခန့်ခွဲပြီး နေရာတကျဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်။ ကျွန်တော့်ကို ခိုင်းစရာကိစ္စတွေသာ ပိုပြီးပေးပါ၊ များလေ ကောင်းလေပါပဲ။ ဒါပေမဲ့ အရာတစ်ခုတော့ ကျွန်တော် တောင်းဆိုပါရစေ၊ ကျွန်တော့်ဆီ ပို့ပေးတဲ့ အဖိုးတန်စာလွှာလေးတွေထဲမှာ မင်ခြောက်ခံသဲမှုန့်တွေ ထပ်မသုံးပါနဲ့တော့။ ဒီနေ့ သင့်စာကို နှုတ်ခမ်းဆီ အလောတကြီး မော့ယူနမ်းရှိုက်မိတော့ သွားတွေတောင် ကျိန်းစပ်သွားရပါတယ်။